Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

အမျိုးကိုချစ်တေ ... တောင်ကုတ်သားချေ

Home

Google
ning.com
တောင်ကုတ်သားချေမှ ၀မ်းပန်းတသာ ကြိုဆိုနိန်ပါယေ....
Mar 7, 2011

အမျိုးကိုချစ်တေ ရခိုင်သားတယောက် ဖြစ်အောင် ကြိုးစားဂတ်ပါ

ရခိုင်စာပီ အမွီအနှစ်-ယဉ်ကျေးမှုတိ ပြန့်ပွားစီချင်ယေ ဆန္ဒချေ တခုတည်းနဲ့ လုပ်ထားစော်ယာဖြစ်ပါယေ ....







ရခိုင်ဆိုသည်မှာ...“အမျိုးသီလနှစ်ဌါနကို၊ပြည့်ဝမဏ္ဍိုင်၊စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်အန္တတ္တသညားခေါ်အပ်ရာတည်း။ ။”(သျှင်နာဂိန္ဒမော်ကွန်း)






ရခိုင်ပြည်နယ် တံဆိပ် နှင့် အလံ


ရခိုင်လူမျိုးတို့သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားပါသည်။ ဝေသာလီ ခေတ်ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားသော အနုပညာ ဓနာဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားလာခဲ့သည်ဟု ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တံဆိပ်တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဖက်တွင် “ရခိုင်ပြည်နယ်”ဟု ရေးသာဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားပါသည်။ ရခိုင်ပြည်နယ် တံဆိပ်တွင် ပါရှိသော ရုပ်ပုံများ၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကြယ်ဖြူ


* ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံအလံတွင်ပါရှိသော ပြည်နယ်နှင့်တိုင်း (၁၄)ခုကို ဖော်ညွှန်း ထားသည့် ကြယ်ဖြူ(၁၄)လုံးအနက် ရခိုင်ပြည်နယ်အတွက် သတ်မှတ်ထားသော ကြယ်ဖြူ
တစ်ပွင့်ကို သတ်မှတ်ထားခြင်းဖြစ်ပါသည်။


သဇင်ပန်းခွေနှစ်ခက်


* ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်၏ အဓိကမြင့်မြတ်ဖြူစင်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ယင်းပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံးတို့ကိုသုံးစွဲရာတွင် သဇင်ပန်းကို ဥပမာပြု၍တင်စား သုံးစွဲ ခဲ့ကြပါသည်။ သဇင်ပန်းကို ရခိုင်တို့က သန့်စင် ပန်းဟုခေါ်သည်။ သန့်လည်းသန့်ရှင်းသည်။ ဖြူလည်း ဖြူစင်သည်။ သန့်ရှင်းဖြူစင်သော အနားရစ်ရှိသည်။း ပွင့်ဖတ်အယ်တွင် ၀ါဝင်း၍ ရွှေရောင်ရှိသော ၀တ်ဆံနှစ်ခုရှိသည်။ မွေးလည်းမွေးကြိုင်သည်။ မြင့်မြတ်သော သစ်ပင်ကြီးများအပေါ် ၌သာ ပေါက်ရောက်သည်။ ဖြူစင်သော သီလရောင် ၀ါဝင်းသော ၀တ်ဆံအရောင်တို့မှာ ဗုဒ္ဓ၏ သင်္ကန်းရောင်ကို ဆောင်နေသည်။ ယင်းကြောင့် အမြတ်ဆုံးပန်းဟူ၍ တင်စားသမုတ်ကြသည်။ ယင်းကို အစွဲပြု၍ ဘုရားပေါင်းချုပ်၏ သင်္ကေတာအခေါ်အဝေါ်ကဗျာတွင် “သဇင်ပန်းခိုင်တစ်မြိုင်မြိုင် ရခိုင်ဘုရား ပေါင်း” ဟူ၍ ဖွဲ့ဆိုခဲ့ကြသည်။ သဇင်ပန်းခက်၏ တစ်ဖက်စီတွင် ပါရှိသော (၈)ပွင့်နှင့် ထိပ်ပေါ်တွင် တစ်ပွင့်ပေါင်းလိုက်သော်လည်း ၉ ဖြစ်သည်။ ထိပ်ပေါ်၌ရှိသော အပွင့်သည် နှစ်ဖက်စလုံးနှင့် ဆိုင်သည်။ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန် ကိုးန၀င်းကြေသော လက္ခဏာကိုပြထားသည်။ ဖော်ပြပါ သဇင်ပန်းခက်တစ်ခက်စီတွင် အပွင့်ငယ်လက်ဝဲမှ (၈)ပွင့် လက်ျာမှ (၈)ပွင့်စီ ရိုးတံကိုမှီ၍ ရှိနေကြသည်။ ထိပ်ပေါ်မှ တစ်ပွင့်နှင့်ပေါင်းလိုက်သော် (၁၇)ပွင့်ဖြစ်၍ ရခိုင်ပြည်နယ် (၁၇)မြို့နယ်ကို ဖော်ဆောင်ပါသည်။

ဗိန္နူပြောက်များ


* ဝေသာလီဒင်္ဂါားအပြင်ဘက်စက်ဝိုင်းတွင် ဖော်ပြထားသော ဗိန္နူပြောက်များမှာ နက္ကဒါန်တီးဝိုင်း၏ ပုံသဏ္ဍာန်ဖြစ်သည်။ ဝေသာလီဒင်္ဂါးများတွင် ပါရှိသော ဗိန္နူများမှာ အရေအတွက်အားဖြင့် လုံးရေ ၂၀ ပါရှိသော ဒင်္ဂါးအမျိုးအစားရှိသကဲ့သို့ လုံးရေ ၂၀ ထက်ပိုမိုပါရှိသော ဒင်္ဂါများလည်း ရှိကြောင်း တွေ့ရ သည်။ သို့သော်လည်း ယခုသတ်မှတ်ထားသော ရခိုင်ပြည်နယ်တံဆိပ်ပါဗိန္နူပြောက်များ၏ အရေ အတွက်ကို လုံးရေ ၂၀ ဟုသတ်မှတ်ထားပါသည်။ ယင်းသို့ သတ်မှတ်ရခြင်းမှာ တံဆိပ်၏ အလှအပနှင့် ရှေးရခိုင်မင်းများ၏ အဓိကကျင့်ဝတ်ဖြစ်သော မင်းကျင့်တစ်ရားဆယ်ပါး၊ နာယက ဂုဏ်ခြောက်ပါး၊ သင်္ဂဟ တရားလေးပါးတို့ကို ပေါ်လွင်စေရန် ရည်ညွှန်းထားခြင်းဖြစ်ပါသည်။


သိရိဝစ္ဆ

* သိရိဝစ္ဆမှာ သဇင်ပန်းခွေအလယ်တွင်ရှိသည်။ ၄င်းသည် ဝေသာလီစန္ဒြားမင်းတို့ ဒင်္ဂါားတွင် ခပ်နှိပ်သုံးစွဲသော ပုံဖြစ်လေသည်။ ဤတံဆိပ်ကို ဒင်္ဂါားတွင်သာမက ရာဇပလ္လင်မုတ်တံကဲများ၊ ဘုရားတန်ဆောင်မုတ်တံကဲများတံခါးမုတ်စီများတို့တါင် အမြဲသုံးစွဲခဲ့ကြသည်။ သရိဝစ္တမှာ ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင် သင်္ကေတာများစွာပါရှိပါသည်။

နေနှင့်လ

နေနှင့်လတို့မှာ ပထမဆုံးရခိုင်ဟူသော အမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည် နေလရှိသော ဘွဲထူး၊ ဂုဏ်ထူးအမည်များကိုခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများဖြစ်ကြသည့်အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အမြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသော အကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရားတည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသားများ လက္ခဏာကို ဖော်ညွှန်းထားပါသည်။ နေသည် ကမ္ဘာမြေပေါ်ရှိ လူသတ္တ၀ါတို့ကို အလင်းရောင် ပေးသည်။ လသည်အေးမြကြည်လင်သော သာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသော အရောင်ကိုပေးတတ်သည်။ လူသား သတ္တ၀ါတို့အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကိုဖော်ညွှန်းထားခြင်းဖြစ်သည်။


လက်ဝဲရစ်ခရုသင်းနှင့် လက်ျာရစ်ခရုသင်း

* တိုင်းပြည်ကိုအုပ်ချုပ်သော ဘုရင်များ၊ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်က်ျာရစ်ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်။. ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ဖော်ကိုဖော်ဆောင်ပါသည်။


စိန်တောင်
* စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဍိုင်အဖြစ် မားမားမတ်မတ်ဖြောင့်တန်းစွာ ရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည် မင်းနှင့်တကွ ပြည်သူတို့အားတည့်တည့် မတ်မတ်အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကိုဖော်ပြထားပါသည်။


စိန်တောင်အောက်ခံ


* စိန်တောင်အောက်ခံမှာ လခြမ်းသဏ္ဍာန်ရှိပြီး စိန်တောင်အား မတိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်း သဘောကိုသရုပ်ဆောင်သည်။


ရွေးလုံး(၇)လုံး (ဗိန္နူ)

* ရခိုင်တို့သည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သည့်လူမျိုးများဖြစ်ကြသည်။ ကြတ္တိကာနက္ခတ်သည် စပါးပင်၊ မြေများ၏လက္ခဏာကိုဆောင်သည်။ (တစ်ချိုကျမ်း၌ ကြင်ခုနစ်ကောင်ဟုဆိုသည်)။ ကြတ္တိကာ နက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးရိတ်သိမ်းခြင်းတို့ကို ပြုလုပ်ကြသည်။ ရခိုင်ပြည်နယ်သည် ကြတ္တိကာနက္ခတ်နှင့် လျော်ညီစွာ စပါးစိုက်ပျိုးရေးကို အဓိကပြု၍ သက်မွေး ၀မ်းကျောင်းဆောင်ရွက်ရသော ပြည်နယ်တစ်ခုဖြစ်လေသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာသဘောကိုဆောင်ထားခြင်းဖြစ်ပါသည်။

ခြူးပန်း

* ခြူးပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင် ပါဝင်သည်။ ခြူးပန်း မှာ အပင်မှ ပွင့်သော ပန်းမျိုးမဟုတ်ပေ။ ခြူးကောင်ဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဓာကိုယ်လက်မှ ပေါက်ရောက်နေသော အမွှေးအမှင်တို့၏ ပုံသဏ္ဍာန်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်န်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက်၊ ပန်းခွေ၊ ပန်းလိပ်၊ ပန်းနွယ်များ ထုလုပ်ရာတွင် သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏ အလယ်တွင် ခြူးကောင်များထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟုခေါ်သည်။ ခြူးကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်စီးခြင်းမဟရှိ၊ သူတို့သွားရာတွင် အမွေးအမှင်များ တစ်ခုနှင့်တစ်ခုထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင် မြည်သည်။ ယင်းကြောင့် ဆွဲလည်းငယ်များကို ခြူးငယ်ဟူ၍ခေါ်သည်။ မင်္ဂလာရှိသော၊ တေးသံသာ သောအသံတို့ကို သရုပ်ဆောင်ထားသည်။ ၄င်းတို့သည် ကာမဆန္ဒတရား၌ တစ်သက်လျှင် တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္မစရိယာ သိက္ခာပုဒ်ကိုစောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်ထားခြင်းဖြစ်ပါသည်။

ဤ သီရိဝစ္ဆတစ်ခုလုံး၏ သဘောတရားမှာ သစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံများပွားများစေခြင်း အလင်းနှင့်အမှောင်အကျိုးနှင့်အပြစ်တရားတို့ကို ဆင်ခြင်နိုင်စေခြင်း၊ မိမိတို့ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျော်ညီစွာတစည်းတစ်လုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါ်များတိုးတက်စေနိုင်သော သင်္ကေတ သဘောများကို သရုပ်ဖော်ဆောင်ထားပါသည်။

အောင်လံ

* ရခိုင်ပြည်နယ်အောင်လံကို ရှေးရခိုင်ခေတ်အဆက်ဆက်တွင် အသုံးပြုခဲ့သော အခြေခံသင်္ကေတာ အမှတ်အသားများကို မူတည်ခဲ့ကြသည်။
* အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်သုံးစွဲခဲ့သော အောင်လံသည် အလွန်ရှည်လျား ကြီးမားခဲ့သဖြင့် ယခုခေတ်နှင့်ဆီလျော်အောင်အသုံးပြုနိုင်ရန်အတွက်။ မူလအတိုင်းအတာကို မှီ၍ အချိုးအစားအလိုက်ပြုပြင်ခဲ့ကြည်။ မူလအတိုင်းအတာ၏ အချိုးအစားမှာ အလျားကိုးတောင်၊ အနံ ခြောက်တောင်ရှိခဲ့ပါသည်။
* အောင်လံ၏ အရောင်အဆင်းကိုမူလအရောင်အတိုင်းအတည်ပြုခဲ့ကြသည်။ မူလအရောင် အဆင်းမှာ အဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်သည်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်သည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်း အရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သော စိတ်ဓာတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ဓာတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်းတို့ကို ဖော်ဆောင်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်သော သတ္တိနှင့် ခိုင်ခန့်တည်ကြည်သော ဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကိုအဓိပ္ပါယ်ဆောင်ပါသည်။



ရက္ခိတရို့ အသိတရားနန့်ပီးဆပ်လားဂတ်မေ

ကိုယ့်ပြည်ဝီးခြားလေးရပ်သားရို့ဘုရားဇာတီသိန်းသန်းချီဗျာယ်
ကျန်ဟိသိရေငါရို့ ပြည်ကိုပြည်ခြား မျိုးခြားမိန့်ဆီးစားဗျာယ်မိန့်ကတ်ကေ့အုံ့နန့်….။
ရှိဟောင်းအမွီစုံညီလက်ရာပဒေသာမြေကြီးရွှေသီးနိုင်အောင်မကရက္ခပြည်ကြီး မိုးထွဋ်ဟီးအောင်လည်း
မျိုးချစ်သွီးနန့် တည်ဆောက်ခကတ်စွာယေ….။ ရာစုအလီလီ ခေတ်ဆက်ချီဗျာယ် ရာဇာမင်းအပေါင်း
ထီးဖြူဆောင်းခစွာလေ့ အိပ်မက် ပုံပြင် ဒဏ္ဍာရီမထင်ကေ့….။ အတိတ်ကို နောက်ခံထား အသိတရားချေတိဝင်လို့ အနာဂတ်အတွက် ငရို့ မျိုးချစ်မှန်လို့ အဖိုးထိုက်တန်စီဖို့ ရက္ခိတနှလုံးသားနန့်
လက်ချင်းဆက် သွီးစည်းထားဗျာယ် ထာဝရ ပီးဆက်လားကတ်မေ….။



အသိတရား

သဇင်သင်းရနံ့ချေ သင်းပျံ့ပနာ ကြယ်စင်ချေတိလင်းလက်လို့ စည်တော်သံတညံညံနန့် ထိုအရင်ချိန်က လခြမ်းချေ...... အို .... ................. အတိတ်က ထီးဖြူဆောင်းလီသမျှ ကျောက်စာမှာတင်ကျန်လို့ .............. ကြယ်ချေတိက တဖြုတ်ဖြုတ်ကြွီကာ ရင်ခွင်တစ်ခုလုံး ပျက်သုဉ်းလီယင့်...... * နီကွယ်ချိန်က သူ့ရင်ခွင်မှာ တိမ်ဖုံးဗျာလ် အထီးကျန်ဆန်လို့... အို............. အမျိုးချစ် ရခိုင်သားရို့ သူ့ရင်ခွင်ချေ လင်းလက်စီဖို့ တာဝန်အသိနန့်... ထိန်းသိမ်းညီညွတ်ကက်မေလေ .



ညီညွတ်ပါလီလေးဝတီ

ထွန်းကားခလီ ၊ ရခိုင်မြီ၌ နီထိုင်လုပ်သား ၊ ရခိုင်သားရို့  ကြိုးစားပါလီ ၊ ညီညွတ်စီ။ လေးဝတီကား ၊ ရခိုင်အားလေ ခွဲခြားစိတ်များ ၊ အ၀ီးထားပြီး သွီးသားစိတ်ဝင် ၊ ညီကိုပင်ဟု ရင်ထဲမှတ်ထား ၊ ကြိုးစားကတ်။ *စည်းကမ်းလိုက်နာ ၊ ဖီ ( ဘေး ) ကင်းကွာ ရင်မှာချမ်းမြီ ( မြေ့ ) ၊ ကြည့်ပါဘိလေ ရှိကလက်ရာ ၊ ဗိသုကာနန့်  စာပီယဉ်ကျေးမှု ၊ အစုစုနန့်  အနုပညာ ၊ အလင်္ကာ ။ ချစ်မြတ်နိုးရာ ၊ ရခိုင်မှာကား စဉ်လာထိန်းသိမ်း ၊ ရင်၌ကိန်း၍ အီးငြိမ်းလီစွ ၊ မြတ်ဗုဒ္ဓ၏ သာသနာ့အမြီ ၊ မြီသရီတိ ဇာတီကျောက်ဆစ် ၊ ဓါတ်တော်စစ်နန့်  ဖြစ်တော်များလီ ၊ ရခိုင်မြီ ။ *သစ်ပင်ရိပ်ထီး ၊ ရင်မှာအီ၍ ကျီးငှက်အပေါင်း ၊ နားခိုအောင်းကေ ရိပ်ကောင်းဆာယာ ၊ ရခိုင်မှာ ။ စာပီသမား ၊ ထွန်းပွားပါယင့် လာပါရှုပါ ၊ ဖိတ်ခေါ်ပါယင့် ။ *ရခိုင်မြီဖွား ၊ ရခိုင်သားရို့  သွီသားတူညီ ၊ ညီညွတ်လီကတ် ခြီလက်တွဲယှက် ၊ အားချင်းဆက်ကာ ရကောင်းရလီ ၊ လေးဝတီ ။ ညီညွတ်ကြလီ ၊ သာစွမြီ ။။။ *မောင်ဘုန်းရှင်(ကစ္ဆပ)



မခွဲခြားစီချင်ပါ

ရိုးမသက်သီ လခြမ်းမြီက ဇာနီမွီးဖွား ရွှီခိုင်သားရို့ လေးရပ်နဒီ မြစ်ရီခြားလို့ ၀တီလေးရပ် ခေတ်ခြားကေလည်း မျိုးအမည်မှာ ရခိုင်ပါဝေ။ နယ်မြီက၀ီး ရီကာဆီးလည်း သွီးချင်းဒါလေ့ နီးစပ်ကတ်မယ်။ အနိန်က၀ီး နိန်ရာဝီလည်း မျိုးအချင်းချင်း ဆက်စပ်ကတ်မယ်။ စကားလီသံ ကွဲပြားနီလည်း မျိုးချစ်စိတ်နန့် နားလည်ကတ်မယ်။ ရခိုင် ချင်း ချောင်း ခမီး မရမာ သက် တိရာဝေ အေသူရို့က စသည်အပြော ယင်းစကားကို ခွဲခြားစိတ်ထား ယင်းသဘောကို ပိုင်းခြားဆက်ဆံ ယင်းအကြံကို ရှောင်ရှားပါလီ ချစ်မိတ်ဆွီရို့ တားမြစ်ပါလီ ပြောဆိုသူကို… လို့ တိုက်တွန်းလိုက်ပါယင့်… မိန်းမယေက်ျား မခွဲခြားဘဲ သူ့ရွာ ကိုယ့်ရွာ မခွဲခြားဘဲ စည်းလီညီလီ အောင်ပွဲဆီ စည်လုံးညီမှ အောင်ပွဲရ ငရို့မျှော်မှန်း ငရို့လမ်းကို ညီညွတ်မှုကို သက်သီတည်ဗျာယ် လျှောက်လှမ်းကတ်မေ မပြတ်တမ်း……………….။




ရွက်ကြွီချေ

ဟောင်နွမ်းရွက်ကြွီ ရွက်ဝါချေရို့ ကြွီကာကျဆင်း မြေကြီးထက်ဝယ်------ဖူံးငုံ၊ဖူံးစုံရွက်သစ်တိဝယ်ဖို့အတွက် သက်အို ရွက်တိက နေရာလဲပီးရရေ------ငါရို့ကလည်း နောင်မျိုးဆက်သစ်ရို့
ရီကြိုင်မြက်နုဖို့အတွက် ငါရို့ဘ၀တိကို စတေးပြီးကေ
အဖပြည်အတွက် ကျေးဇူဆပ်ရဖို့သိမ့်…………………..



အမင်သား၏လွမ်းဆွတ်သံ

အို အမင် ---- သဇင်တိလည်း ၀ီဝီဆာလို့ ပွင့်နီရေ
အမင်မြီမှာ လီချေသွတ်သွတ် တိုက်နီယင့် သဇင်ရိပ်အောက် အမင်ဇာလုပ်နီပါလဲ --။

အို အမင် -----အမင်သားချေ လှပရေသဇင်တိနန့်
အီးမြရေ အမင်အရိပ်အောက်ကို အမြဲတမ်း အတွက်ရနီပါရေ --။
အို အမင် ----သားနန့်အမင်ရို့ ဘ၀တိစွာ အသက်ရှင်လျှက် မျှော်လင့်ချက်မဲ့နီကတ်တေ
ယေဇူးနန့် အမင်၏သား အောင်မြင်မှုနန့် လာဖို့နိကို အမင်အိုက သဇင်ရိပ်ခိုလို့
စောင့်ကြိုနိုင်ပါခန့်သိမ့်လား --။

အို အမင် ------ အခုပိုင် မလှပရေ ကံကြမ္မာ
ယုတ်မာရက်စက်တေ အဖိနှိပ်ခံဘ၀တိ
လွတ်မြောက်လာဖို့ နိကိုကြိုးစားယင်းနန့် အခုဘ၀ မဆုံဖြစ်ကေလည်း
နောင်သံသရာ ဘ၀ကနီပြီး နားလည်ခွင့်လွှတ် ပီးပါလီ --။

ခိုင်နီလ (လခြမ်းမြီ )




ရခိုင်လူမျိုးအချင်းချင်း ရခိုင်စကားပြောပနာ ကိုယ့်လူမျိုးအတွက် ဂုဏ်ယူဂတ်ပါ


ရက္ခမာန

လောကနီဝန်း
ရိုးမမှာထွန်းလင်းတောက်ပ
မျိုးမာန်မာန ဇွဲလုံးလ၀ိရိယ
မလျှော့ကြိုးကြံ စိတ်ထက်သန်ကေ
အမှန်ရမည် ရခိုင်ပြည် --။

လွတ်မည်ဒုက္ခ ကျွန်ဘဝ
စုကြရုံးကြ ကြိုးစားကြလျှင်
ဤတွင်သာဓက အဖရခိုင်ပြည်
ပြန်ထပ်တည် --။

ခိုင်မြသိန်း (ချောင်းသာကြီး)



ရခိုင်သဇင်မညိုးဇီချင်

ရိုးတောင်နောက်ခြမ်းတစ်ဖက်ကမ်းက တောတန်းစီရီလခြမ်းမြီကို ၀တီလေးရပ်ညီညွတ်စီသား ထိန်းသိမ်းထားခသာသနာ့မှတ်တိုင် စာတီဘုရားပေါများသည်ကို ရှေးစာဆိုကရွီးမှတ်ခရေ
သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း။
(အောင်အောင်)






.
Photo Albumရခိုင်ရိုးမအောက်ခြေရင်း - တောင်ကုတ်မြို့မှ ကြိုဆိုပါ၏ မင်္ဂလာရှိရေ နိန့်တနိန့်ဖြစ်နိုင်ပါစီ Apr 12, 2011
ddd
dThumbnaild
ddd
ရခိုင်ရိုးရာ ဓါတ်ပုံများ
20 Photos, 2 comments
ddd
dThumbnaild
ddd
poto
10 Photos, 1 comment
ddd
dThumbnaild
ddd
Animation Photo
32 Photos, 3 comments
ddd
dThumbnaild
ddd
သဘာဝ ဓါတ်ပုံချေတိ
21 Photos, 1 comment
ddd
dThumbnaild
ddd
photo rakhine
5 Photos, 6 comments
ddd
dThumbnaild
ddd
ရင်ခုန်ရဖို့သီးလား ပိတောက်ပန်းချေ
10 Photos, 2 comments
ddd
dThumbnaild
ddd
Natural Photo
5 Photos
ddd
dThumbnaild
ddd
ဓါတ်ပုံ(၂)
5 Photos
ddd
dThumbnaild
ddd
ဓါတ်ပုံ(၁)
5 Photos, 1 comment
ddd
dThumbnaild
ddd
ရှေးဟောင်း ရခိုင်ဘုရားများ
60 Photos
ddd
dThumbnaild
ddd
တောင်ကုတ်မြို့ ဓါတ်ပုံများ
28 Photos, 2 comments
ddd
dThumbnaild
ddd
ရခိုင်ဓါတ်ပုံတိ
25 Photos

   View All
.
Blog Entry Blog (ဖတ်စရာချေတိ)
   View All
..
Musicစိုင်းဒြားမင်းခွာသံ
.
   View All
..
Note * ခံစားမှုချေတခုလောက် အကြံပြုပီးခပါ *
   
taunggokeenglish wrote on Oct 12, '11
I live in Taunggoke. I visited your site.
dhammanoble wrote on Aug 2, '11
လာလည်တယ်နော် ပျော်ရွှင်စရာအိမ်လေးပါပဲ
ashinvisuta888 wrote on Aug 1, '11

အရှင်ဝိသုတ- ရေနီ
ashinvisuta543@gmail.com
http://ashinvisuta888.page.tl/ http://ashinvisuta888.multiply.com/
အလည်ရောက်ခဲ့ပါတယ်။ ကျန်းမာပါစေ....။

dnaung wrote on Jul 7, '11
F:\BIRD-1.gif
ရောက်ခဲ့ပါတယ်သူငယ်ချင်း
khuntunhla wrote on Jul 6, '11
ခွန်ပအိုဝ်းလေး လာလည်သွားပါတယ်နော် ကိုရခိုင်နေကောင်းကျန်းမာပါစေနော်။
htoojune wrote on Jun 6, '11
ကရင်လေး တယောက်လာလည်သွားပါတယ် ဗျာ
mayzuu wrote on Jun 2, '11

123Friendster.Com

123Friendster.com - More Happy Birthday Comments

မွေးနေ့ မှာပျော်ရွှင်ပါစေနော်။
ujatila wrote on May 31, '11
လာလည်ရတာပျော်ပါတယ်။
mizzuri09clysna wrote on May 26, '11
ကိုတောင်ကုတ်သားရေ ...
Post တင်မရဘူးဆိုတဲ့ ကိစ္စက Multiply ကပို့ထားတဲ့ မေးလ်တစ်စောင်ရှိပါလိမ့်မယ်။ မေးလ်အဟောင်းတွေထဲမှာ ပြန်ရှာကြည့်ပါဦး။
မိမိရဲ့ E-mail ကို အမှန်ဟုတ်/မဟုတ် စစ်ဆေးတာပါ။
အဲဒိမေးလ်ကို တွေ့ရင် E-mail confirmation link လေးပါလာတာတွေ့ရပါလိမ့်မယ်။ ပါလာတဲ့ လင့်လေးကို နှိပ်ပေးလိုက်မှ
မိမိရဲ့ မာတီကို အဆင်ပြေပြေ ပြန်သုံးလို့ ရနိုင်ပါလိမ့်မယ်။


ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
nyeinsoeoo wrote on May 23, '11
အရောက်လာခဲ့ပါတယ် ... http://multiplygroups.multiply.com/photos/album/139/139 ကိုလည်း အားပေးစေချင်ပါတယ် ...
a1tzt wrote on May 20, '11
လာသွားပါတယ်ဗျာ
taunggokeenglish wrote on May 8, '11
ကိုယ့်မြို့အကြောင်းအခုမှအစုံသိရလို့ကျေးဇူးတင်ပါဗျာယ်
smallkhine wrote on Apr 25, '11
ကိုတော်ကုတ်သားချေဘလောခ့် ကကောင်းလှစော်ပါမနား။ ဖတ်စရာတိလေ့တပုံပါထော။ တဖြည်းဖြည်းဖတ်လားပါမေ။
zakawar wrote on Apr 21, '11
လာလည်သွားပါတယ်ဗျို့
ashinvisuta888 wrote on Apr 13, '11
အလည်ရောက်ခဲ့ပါတယ် တောင်ကုတ်သားလေးရေ
tj3521 wrote on Apr 10, '11
hi how's going??
sawnyeinzan wrote on Apr 5, '11
လာလည်ခပါရယ် ။
pyaephyothaw wrote on Apr 5, '11
လာလည်သွားပါတယ်။ ပျော်ရွှင်ပါစေ။ ခင်ချင်ပါတယ်။ သယ်ရင်း

မှတ်ချက်ပြန်ပေးဦးနော်။ ကျေးဇူးတင်ပါသည်။
anattathi wrote on Apr 2, '11
Hello
yinminkhine wrote on Mar 27, '11
zinyaw17zinyaw17
lkophyo wrote on Mar 27, '11
လာလည်သွားပါတယ် သူငယ်ချင်း...!
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ...
kaungmyatthu12 wrote on Mar 27, '11
အလည်ရောက်ခဲ့ပါတယ်သယ်ရင်း....
yekyawphyo wrote on Mar 27, '11
အဲ့ဒါ ညီဆိုက်က Html အများကြီး သုံးထားလိုက်မိရင် ဖြစ်တက်ပါတယ်။ပြီးတော့ ကော်နရှင်မကောင်းတဲ့ အချိန်မှာ Multiply ကို နဲနဲပါးပါးပဲ သုံးပါ။ကြာကြာသုံးမိရင် ညီပြောသလို စာတန်းပေါ်လာပြီး Multi မှာ Signup လုပ်ထားတဲ့ အကောင့်ပါ ပျက်သွားနိုင်ပါတယ်ဗျ။သတိလေးထားပြီးတော့ သုံးပေါ့နော်။ကို. ဆိုက်လေးလဲ အဲ့လိုဖြစ်ဖူးပါတယ်။ဘာမှတော့ မစိုးရိမ်ပါနဲ.။အဆင်ပြေပါစေလို. ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ညီ ပျော်ရွှင်ပါစေလို.ဆုတောင်းပေးရင်း ကို.ကိုလဲ ပြန်ခွင့်ပြုပါဦးနော်။Multi အတွက် ကြိုးစားပါနော်။မသိတာ ရှိရင်မေးပါနော်။ကို သိသလောက်တော့ပြောပြပေးပါမယ်ဗျာ။
ချမ်းမြေ.ပါစေနော်။
mizzuri09clysna wrote on Mar 27, '11
Site Maintenance

Multiply is temporarily unavailable as we perform site maintenance. We're really sorry for the inconvenience... it shouldn't take very long, though.

Thanks for your patience!

ဒီကိစ္စက မာတီတိုင်းကြုံဖူးကြတဲ့ ပြဿနာပါပဲ။ စိတ်ပူစရာမရှိပါ။ Multiply Main Team မှာ မိမိဆိုဒ်အတွက် လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ပေးနေခြင်းဖြစ်ပါတယ်။ ၄၅ မိနစ်၊ ၁ နာရီ လောက်ကြာရင်အိုကေသွားပါလိမ့်မယ်။ တစ်ခါတစ်ရံကျရင်လည်း နှစ်ရက်သုံးရက်ကြာတတ်ပါတယ်။ ဒါပေမယ့် စိတ်ရှည်ရှည်ထားပြီး သည်းခံစောင့်ဆိုင်းလိုက်ရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ။ သူတို့က အဲဒီလိုလုပ်ပေးရခြင်းကလည်း မိမိဆိုဒ်ရဲ့ လုံခြုံရေးအတွက်မို့ အလွန်ကောင်းတဲ့အစီအမံတစ်ရပ်ပါပဲ။


ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)

zakawar wrote on Mar 26, '11
လာလည်ပါတယ် ကိုတောင်ကုတ်သား .....
yomataungokethar wrote on Mar 16, '11
အဂုပိုင် အလည်လာရေအတွက် ကကောင်းဝမ်းသာမိပါရေ

ကျေးဇူးတင်ပါနှောင်း ............ (တောင်ကုတ်သားချေ)
yeesarlay wrote on Mar 12, '11
အလည်တစ်ခေါက်ရောက်ရှိခဲ့ကြောင်းပါ..
aungmaungthein wrote on Mar 10, '11
အေပိုင် ရခိုင်ဝတ်ဆိုက်တိအများကြီးတင်ပီးလို့ကကောင်းဝမ်းမြောက်မိပါယင့် နောက်လဲအေပိုင်ဗဟုသုတကောင်းချေတိကိုတင်ပီးနိုင်ကတ်ပါဇိလို့
mizzuri09clysna wrote on Mar 7, '11
ရက္ခိုင်မြေကို ပထမဆုံးဧည့်သည်အဖြစ်
မှတ်မှတ်ရရ ရောက်လာခဲ့ပါတယ်


ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
...
........
.

yoma

Taungokethar Chay

Create Your Badge
|

ရက္ခအားမာန် ရှီသို.ချီ

ကမ္ဘာအလယ် ထည်ဝါတောက်လို.

ရှိခယင်းတစ်ခါ ရခိုင်အောင်လံ

လာနိန်ပါဗျာယ် နောက်ထပ်တစ်ခါ

ရခိုင်အားမာန်

ပေါင်းစုံညီလို.

ရှိရင်းဇွဲတိ

ဖော်ပြန်ထုတ်လို.

မျိုးရို.အမှန်

ပြကတ်ပါမေ

သမိုင်းကပြ

ရခိုင်သမိုင်း

ပုံရိပ်ကထင်

ရခိုင်သမိုင်း

ရိုးတောင်ကပြော

ရခိုင်သမိုင်း.......ရခိုင်သားရို့ စောင့်ထိန်းဂတ်ပါမေ.။

အဖြူရောင်သံစဉ် ရေဒီယို
ဖတ်စရာ
ခေါင်းစဉ် 1 ခေါင်းစဉ် 2
သဘ၀ပုံချေတိ ရိုးရာပွဲချေတိ
ရခိုင်ကဗျာများ တေးခြင်းတိ
ခေါင်းစဉ် 3 ခေါင်းစဉ် 4
နည်းပညာများ ၀တ္ထု
ရိုးရာဓါတ်ပုံများ သမိုင်းကြောင်း
alt="&
www.thanlonnge.net









applied arts
visitors counter alternative cultures
web counters free counters တောင်ကုတ်မြို့မှကြိုဆိုပါ၏

ရခိုင်တေးခြင်းတိကို http://www.lovearakan.marayu.com နန့် http://thearakanesemeetingpoint.com ကကူးယူတင်ပီးထားပါရေ